ငါမရှိသည့်နောက်

ငါမရှိသည့်နောက် ကျေးဇူးပြု၍ ငါ့ရဲ့ ဆန္ဒ အနည်းဆုံးတော့ဖြည့်ဆည်းပေးပါ ။။
ငါမရှိသည့်နောက် ငါတို့ လူမျိုး ငါတို့ ဘာသာမှာ ငါလိုအတ္တသမားမရှိဘူးဆိုတဲ့ အကြောင်း
နောက်လူတွေသိဖို့  သေချာရှင်းပြ ပြောကြားပေးပါ ။။
ငါမရှိသည့်နောက် ဘဝဆိုတာအရးမစိုက် ရူးရူးမိုက်မိုက်ချစ်တက်ခဲ့တဲ့ ငါ့အကြောင်းတွေမင်းပြန်တွေး
ဟိုးအဝေးမှာတစ်ယောက်တည်းငိုမနေပါနဲ့  ။။
ငါမရှိသည့်နောက် ငါ့ချစ်ခြင်းကိုအသိအမှတ်ပြုရင် အသက်မဲ့နေတဲ့ပန်းပင်ကလေးတွေ
ရေအေးလေးတစက် မင်းကိုယ်တိုင်လောင်းပေးပါ ။။
ငါမရှိသည့်နောက် ကျားလက်လွတ်တဲ့ယုန်သူငယ်လို အနှောင့်အယှက်အန္တရာယ် ဝေးပြီဆိုတဲ့အသိနဲ့ 
အားရပါးရ လွတ်လပ်စွာ မင်းပျော်နေလိုက်ပါ ။။
ငါမရှိသည့်နောက် ဟိုးအရင်က ငါပြောသမျှစကား မင်းမကြားခဲ့ဘူးလို့ ပဲမှတ်လိုက်ပါ ။။
ငါမရှိသည့်နောက် ငါ့အတွက် ခါးခါးသီးသီး မုန်းတီးနေသူ မင်းဆီက
နောက်ဆုံးဆန္ဒ တစ်ခုလောက်တော့တောင်းဆိုပါရစေ
ငါလေ တစ္ဆေတစ်ကောင်ဖြစ်ခဲ့ရင်တောင် မင်းပတ်ဝန်းကျင် မင်းရဲ့ အနားက
မင်းမသိအောင်စောင့်ရှောက်နေခွင့်ပေးပါ........................
No comments:
Post a Comment