
" အဝေးကလမင်း "
ငါမြင်နေရဆဲ အဝေးဆုံးကလမင်း
ရင်ဘက်ထဲအပ် ထားချင်ပေမယ့်
အလင်းမယ့်သွားမယ့် အမှောင်ညတွေအတွက်
လမိုက်ညရဲ့ အထီးကျန်ခြင်းနဲ့ အတူ
မတူညီခဲ့သောခံစားချက်တွေ
တခါတစ်လေ ခိုးခိုးပြီးဆွေး
အရူးတစ်ယောက်လိုနားလည်ရခက်
အချစ်အတွက်တော့
မျှော်လင့်ချက်တွေ ကိုယ်စီထားတက်ကြပါတယ်
လူဆိုတာ မဖြစ်မှန်းသိတဲ့အရာတစ်ခု
မရနိုင်မှန်းသိနေလျှက်
ဆက်လက်မျှော်လင့်တက်ကြတယ်တဲ့
မှန်လိုက်တဲ့ အဖြစ်အပျက်
မင်းအချစ်ကိုလည်း ငါမျှော်လင့်နေတက်ပြီ
ဥာဏ်မမှီသေးတဲ့ ကလေးလေးတစ်ယောက်လို
ဆုံးဖြတ်နိုင်ခွင့် ဝေဝါးရင်း
လတစ်စင်းကိုချစ်မိခဲ့တဲ့ငါ
မင်းရဲ့ အဝေးမှာ
မယုံကြည်ရဲ့ ငါကံကြမ္မာဆိုးကို
အကြိမ်ကြိမ်အခါခါ တွန်းလှန်အံတုရင်း
မျှော်လင့်ချက်ရေးရေးလေးနဲ့ 
အရင်ထက်ပို ငါဆက်ချစ်ရင်း
No comments:
Post a Comment