အဝေးဆုံးကပန်းကလေးတစ်ပွင့်
လှမ်းခွင့်ရရင်တောင်
နမ်းခွင့်ကဝေးနေဆဲမို့ 
ငါဟာလေ
အလွမ်းသင့်လူသားတစ်ယောက် ဖြစ်ခဲ့ရတယ်
ရက်ကျက်မှု့ ဆိုတာ
ဘဝမှာ လမ်းတွေအထပ်ထပ်
ဘဝတွေစုံအောင်ဖြတ်သန်းခဲ့ဖူးလည်း
ထူးကဲတဲ့သီအိုရီတွေနဲ့ 
နားလည်ရခက်တဲ့ ပုစ္ဆာတွေကြားမှာ
ငါဟာ ပညာသင်ခွင့်မရသေးတဲ့
ကလေးငယ်လိုပေါ့
အသက်မဲ့သွားတဲ့ မေတ္တာစမ်းရေ
အဓိပ္ပါယ် မဲ့တဲ့ညနက်တွေအလား
သံစဉ်မဲ့တေးသွားတွေကြားမှာ
အသိဥာဏ်မဲ့  ငါတစ်ယောက်တည်းကခုန်နေဆဲ
နီးလျှက်နဲ့ ဝေးနေသူတွေ
သူတို့ အဖြစ်ကိုနာကျင်နေလည်း
ငါတို့ နှစ်ယောက်ဆုံတွေ့ ခြင်းက
ကံကြမ္မာရယ်မျက်နှာသာမပေး
ပယ်လင်ပြင်ခြားဝေးနေဆဲလေ
မျှော်လင့်ချက်တွေကိုရိုက်ချိုး
နင်နဲ့  ဟိုးအဝေးဆုံးကလူတစ်ယောက်က
နင်ကိုအရမ်း လွမ်းတက်ခဲ့ပြီ
မရေရာတော့တဲ့မျှော်လင့်ချက်နဲ့ 
အသက်ဆက်ခဲ့ရတဲ့ ငါ့ရဲ့ မနက်တွေ
အခုဆို အရင်ကလိုတောင်
ကျေးငှက်တွေအော်ခေါ်မနှိုးကြတော့ဘူး
ငါ့ရည်ရွယ်ချက် ငါ့ပန်းတိုင်က
ဒယိုင်းဒယိုင် လျှောက်နေခဲ့ရတာ
မနက်ဖြန်များစွာ ပြဿနျာတွေကအပြည့်
ဒီဘဝကြီးကိုငါငြီးငွေ့ ပြီ
လူချင်းတူ မူချင်းကွဲ
ဆက်စပ်မရတဲ့ လူ့ အသိုင်းထဲမှာ
ပတ်ဝန်းကျင်ကိုဂရုစိုက်နေသရွေ့ တော့
ငါတို့ တွေဝေးနေရဦးမယ်..........
No comments:
Post a Comment