နားလည်ပေးခဲ့သူ
အခြေအနေမတူညီတဲ့ ဘဝနှစ်ခုဟာ ပေါင်းစပ်ဘို့ ရာ မလွယ်ကူမှန်းသိခဲ့ ပေမယ့်
အသည်းမှာနင့်အောင် စွဲလန်းတမ်းတချစ်မိနေတဲ့ သူတယောက်အတွက် ဘယ်တော့မှ
နှုတ်ပစ်လို့ မရနိုင်တော့တဲ့  အဆိပ်ပြင်းတဲ့  ဆူးတချောင်းလိုပါပဲ.....
မင်းလက်ကိုဆုပ်ကိုင်ခွင့်မရှိတဲ့ ငါ ဆူးကြမ်းလမ်းတွေမင်းဖြတ်သန်းချိန်
မင်းနင်းခဲ့တဲ့  ခြေလှမ်းတွေတိုင်းရဲ့ အောက်မှာ ငါ့နှလုံးသားကို
တံတားအဖြစ် လမ်းခင်းပေးခဲ့ဖူးတယ် ..................................
လူတွေအားလုံးရဲ့ ကြားမှာ အရှုံးပေးလိုစိတ်လုံးဝမရှိခဲ့တဲ့ ငါ
ပျော့ညံ့လွန်းတဲ့  ယောင်္ကျားတယောက်လည်းမဟုတ်ခဲ့ရပါဘူး
မင်းအတွက်နဲ့ ငါ နားကြည်းစရာ အဖြစ်တွေကြုံလာတိုင်း
ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်တွေကို ငါကိုယ်တိုင် မာနတွေကိုခဝါချ
အချစ်စိတ်တွေနဲ့  အရည်ပျော်စေပြီး မျက်ရည်မိုးတွေအဖြစ်နဲ့ 
မင်းရဲ့ ခြေဖမိုးထက်မှာရွာချ နင်းရှေ့ မှာ ထူးထောက် အညံ့ ခံ
အလျော့ပေးပြီးချစ်ခဲ့တာပါ .....................................................
ငါ့အတွက်ပြန်ရခဲ့တဲ့ တုန်ပြန်မှုတွေကတော့ဆိုးရွားလွန်းတယ်
ငါက တလောကလုံးအတွက် မေတ္တာမဲ့ ခဲ့မယ်ဆိုရင်တောင်
ချစ်ရတဲ့ သူ မင်းတယောက်တည်းအတွက် အချစ်နဲ့ သစ္စာတွေ
ထာဝရ ခိုင်မာ တည်မြဲနေမှာပါ ...........................................
အဆွေးလူ
No comments:
Post a Comment