ဂီတ

လွန်ခဲ့တဲ့အချိန်ကာလ ရှေးနှစ်ပေါင်းများစွာကတည်းက
လူ့ စိတ်ကိုထိန်းချုပ် ဆုပ်ကိုင်နိုင်စေဘို့ ရာ ဂီတ ဆိုတဲ့အရာတခုကို
ဒို ရေ မီ ဖာ ဆို လာ တီ ဒို သံစဉ် ၇ မျိုး အခြေခံပြုပြီး ဖန်တီးခဲ့ကြတယ်
ဂီတ ဆိုတာ လူ့ စိတ်ကို နူးညံ သိမ်မွေ့  ပျော့ပျောင်းစေတဲ့အရာ
ဂီတ ဆိုတာ တခါတရံ နှလုံးသွေးကိုဆူပွက် စေတဲ့အရာ
ဂီတ ဆိုတာ လက်နဲ့ ဖမ်းချုပ်ဆုပ်ကိုင် ပြလို့ မရပေမယ့်
ဂီတ ဟာ ဓါး လှံ လက်နက် တွေထက် အသွားထက်တဲ့အရာ
ဒီဂီတတွေကို မြတ်နိုးခဲ့မိတဲ့ငါ စိတ်ညစ်စရာအချိန် ဂီတနဲ့ ပေါက်ကွဲပစ်ခဲ့သလို
ဝမ်းနည်းစရာအချိန်တွေကိုလည်း ဂီတ နဲ့  ပျော်ဝင်စီးဆင်း မွေ့ လျော်နေခဲ့တာ
ငါလှမ်းလျောက်နေတဲ့ဘဝကြမ်းမှာ ငါ့မျှော်လင့်ချက် ဂီတ ပန်းတိုင်
ငါ့အသက်ရှူသံတွေ မရပ်တန့် သရွှေ့  တရွေ့ ရွေ့ နဲ့ လှမ်းရင်း ရှေ့ ဆက်ဘို့ အသင့်
ဘယ်သူတွေ ဘယ်လို ငါ့ကိုဥပေက္ခာ ပြုနေပါစေ ငါ ဂီတ ကိုမြတ်နိုးတယ်
ငါ့ရဲ့ ဘဝမှာ ပိုင်ဆိုင်တာ ဘာမှမရှိလည်း ငါ့ရဲ့ အနားမှာဂီတ ရှိတယ်
ငါ့ရဲ့ အနားမှာ ဘာမှမရှိလည်း ငါ့နှလုံးသားမှာ ဂီတ ရှိတယ်
ငါ့နှလုံးသွေးတွေနဲ့ ရေးခဲ့တဲ့ စာသားတွေ ငါ့နှုတ်ဖျားကအမြဲရွတ်ဆိုလို့ 
ငါ့ရဲ့ ပါးစပ် စွံ့ အသွားပါစေ ငါ့ဦးနှောက်ထဲမှာမှတ်သား ငါ့အတွေးများနဲ့ ဆက်ဆိုနေမယ်
ငါ့ရဲ့ ဘဝမှာ အမြတ်နိုးဆုံးအရာ ဘာလည်းလို့ သာ လာကာမေးရင်
အချိန် မိနစ် စက္ကန့် မဆိုင်း ငါအမှန်အတိုင်းပဲဖြေမယ့်စကား
မိဘ ဘိုးဘွား ညီအကိုမောင်နှမများ ပြီးရင်
ငါ့ရဲ့ ဘဝမှာ ငါအမြတ်နိုးဆုံးသောအရာ
ငါ့ရဲ့ အိပ်ခန်း နံရံထောင့်က ဂစ်တာအိုကို လက်ညိုးထိုးပြလိုက်မယ်.....

အားလုံး ထာဝရ ပျော်ရွှင်နိုင်ကြပါစေဗျာ....

အဆွေးလူ

No comments:
Post a Comment