ကောင်မလေးဖတ်ဘို့ 
ဝတ္တုတွေလည်းငါဖတ်ဖူးတယ်
ရုပ်ရှင်တွေလည်းငါကြည့်ခဲ့ဖူးတယ်
ကဗျာတွေလည်းငါလေ့လာခဲ့ဖူးတယ်
ကမ္ဘာကျော်တဲ့အတွေးအခေါ်ပညာရှင်တွေရဲ့ အဆိုအမိန့် တွေကို
ငါကြားခဲ့ဖူးတာတောင်
အခုငါအဖြေရှာမရသေးတာကငါတို့ နှစ်ယောက်ရဲ့ သီအိုရီတွေကို.....
ငါက ဆေးလိပ်တလိပ်လို့  အန္တရာယ် အပြည့်ရှိနေတာကိုသိနေရက်နဲ့ 
မင်းက သံယောဇဉ် အကြင်နာလက်တွေနဲ့ လှမ်းယူ
အချစ်ဆုံးပြောပြီးမီးတွေရှို့  မြတ်မြတ်နိုးနိုး ရှိုက်ရှူသွင်းနေချိန်
မင်းနှလုံးသားကိုငါအရောက်သွားချင်ခဲ့တာ
မင်းရင်ဘက်ထဲမရောက်ခင် မင်းကရက်ရက်စက်စက်
ပြန်မှုတ်ထုတ်ပစ်ရက်တယ် ....
အချစ်ဆိုတာတကယ်ပဲမင်းပြောခဲ့သလို မီးတောက်တခုလား ??
ငါ့ဘဝ ငါ့ခန္ဓာကိုယ်ကို အလောင်ကျွမ်းခံပြီး
မင်းစိတ်ကြိုက် မင်းလိုသမျှတွေကို ဖြည့်ဆည်းပေးခဲ့တဲ့ငါ
ဘဝတစ်ခုလုံးကျွမ်းလောင် အစီခံလိုအရိုးသာကျန်တော့မှ
မင်းကရက်စက် မီးငြိမ်းသတ်ပြီး လမ်းမထက်ကို လွင့်ပစ်ရက်တယ်
ဟိုလူကျော်လွား ဒီလူနင်းချေနဲ့  ငါ့ဘယ်ကိုမင်းမမြင်နိုင်တော့ဘူးလေ
ငါကအစွန့်ပစ်ခံပဲ .....
တကယ်တမ်းကျတော့ အချစ်ဆိုတာ ရေခဲ့တတုံးလို့ 
အစပိုင်းမှာ အေးမြမှု့ တွေပေးခဲ့ပေမယ့်
အချိန်ကြာလေ သွေးခဲမတက် ပူလောင်နာကျင်လာလေပဲလေ.........
ငါက အမှောင်ထဲက ဖယောင်းတိုင်တစ်ချောင်းလို
နေရောင်ခရင် အရည်ပျော်ကျတက်မှန်းသိနေရက်နဲ့ 
မင်းက မာယာမီးတောက်တွေနဲ့ ထွန်းညှိ မင်းဘဝအတွက်အလင်းရောင်ယူခဲ့တာ
မင်းလုပ်ရပ်တွေသိတဲ့အချိန် မင်းရဲ့ အဝေးဆုံးကို
ငါထွက်ပြေးသွားချင်ခဲ့ပေမယ့် ခိုင်မာနေတဲ့ငါ့သစ္စာတွေက
ငါ့ခြေထောက်တွေကိုချုပ်နှောင်ထားတယ် ...............
ဘဝတစ်ခုလုံးအလောင်ကျွမ်းခံပြီး မင်းအတွက်အလင်းရောင်တွေပေးခဲ့တဲ့ငါ
မီးစာကုန်လို့  ဖယောင်းခမ်းချိန်ကျတော့မှ ရက်ရက်စက်စက်
မီးငြိမ်းသတ်ပြန်တယ်.. ..........
မင်းရဲ့ နောက်ကြောင်းကလိမ်ညာခြင်း အမှားများစွာကို
ငါ့ရဲ့ နှလုံးသွေးကွက် ဖယောင်းစက်လေးတွေကတော့မြင်နေရဆဲပဲ ....
မင်းမသတ်လည်းငါ့ဘဝကသေဆုံးနေပါပြီကောင်မလေးရယ်....
ငါ့ဘဝကိုအရင်းတည် စိုက်ထူ မင်းဘယ်သူ့ ကိုများ
အလင်းရောင်ထပ်ရဘို့  မီးထပ်ညှိနေဦးမှာလည်းဟင်.................
လောင်ကျွမ်းခံခဲ့ရတဲ့  ဖယောင်းစက်တွေ တချိန်ချိန်မှာစုစည်းသွားချိန်
မင်းအတွက် ကြီးမားတဲ့အလင်းရောင်တခုအဖြစ် ထိန်လင်းပေးနိုင်သလို .......
မင်းသာအမှတ်တမဲ့  ငြိမ်းသတ်ဘို့ မေ့လျော့နေခဲ့ရင် ..........
ကျန်ရှိနေသေးတဲ့ ဒဏ်ရာ မီးစာစ လေးတွေက အငြိုးတကြီးတောက်လောက်ကျွမ်း
မင်းဘဝတစ်ခုလုံး ပြာကျအောင် ချေဖျက်သွားနိုင်တယ်ဆိုတာ
မင်းသိရဲ့ လား.......................
အဆွေးလူ
ahsawelu@gmail.com
No comments:
Post a Comment